အမှာစာ


နမောတ ဘဂဝတော အရဟတော သမာသမုဒ္ဓဿ

ကျွန်တော်သည် ကျွန်တော်ကြားနာ လေ့လာဆည်ပူး ကျင့်ကြံအားထုတ်မှုများအရ ဗုဒနှင့် ဗုဒ္ဓ၏ တရားတော်များကို အလေးအနက်သက်ဝင်ယုံကြည်သူ ဗုဒ္ဓဘာသာဝင်စစ်စစ်တစ်ဦးဖြစ်ပါသည်။ ကျွန်တော် သည် ကျမ်းကိုးစာရင်းပါ ဆရာတော်ကြီးများ ပုဂိုလ်ကြီးများ ရေးသားပြုစုထားသော တရားတော်များကို အထပ်ထပ်လေ့လာခဲ့ပြီး ကျွန်တော်ကြားနာသှိသမျှတရားတော်များအထဲမှ ဓမမိတ်ဆွေများ အတွက် လောကီ လောကုတရာ နှစ်ဖြာသောအကျိုးစီးပွားများရှိစေလိုသောစေတနာဆနဖြင့် သိသင့်သိထိုက် ကျင့်သင့်ကျင့် ထိုက်သော တရာစုများကှိုာဖွေစုဆောင်းပြီး ကလေးသူငယ်များမှအစ လူငယ် လူလတ် လူကြီးပါမကျန် သူ့အဆင့်နှင့်သူ လွယ်ကူစွာဖတှ်ု့နားလည်စေရန် ကြိုးစားပြီးစုဆောင်းတင်ပြထားပါသည်။ ကျွန်တော်သိရှိရသမျှတရားတော်များမှာ ပြည့်စုံလုံလောက်မှုမရှိသေးပါကြောင်း ဦးစွာပဏာမဝန်ခံအပ်ပါ သည်။ သို့ရာတွင် ကျွန်တော်စုဆောင်းတင်ပြထားသော ဤ ဗုဒ ဓမ တရားစုများ (The Collection of the Buddha’s Teachings) မှာ သာမာန်ဗုဒဘာသာဝင်သူတော်စင်များအတွက် တစ်စုံတစ်ရာသောအတိုင်း အတာအထိ အထောက်အကူဖြစ်မည်ဟု ယုံကြည်ပါသဖြင့် တတ်စွမ်းသမျှ စုစည်းတင်ပြအပ်ပါသည်။ 

တရားတော်များကို အခြေခံကျင့်ဝတ်များမှအစ သစာလေးပါး တရားတော်များအပါအဝင် နိဗာန် ရောက်ကြောင်း ဝိပနာတရားတော်များအထိ အဆီအနှစ်များကှိုာဖွေစုစည်းတင်ပြထားပါသည်။ တရား စုများကို တစ်ပိုဒ်ဖတ်လျှင် တစ်ပိုဒ်သိပြီး၊ သိသည့်အတိုင်းကျင့်ကြံနိုင်မှသာ အကျိုးများနိုင်မည်ဖြစ်ပါသည်။ 

အသိနှင့်အကျင့်ပြည့်စုံညီညွတ်ကြပြီး နိဗာန်မဂ်ဖိုလ်ကို ဘဝတိုတိုဖြင့် ရနိုင် ရောက်နိုင်ကြပါစေ… ပါရမီာဏ် မရင့်သန်သေးသဖြင့် နိဗာန်ကို မရောက်နိုင်သေးသည့်တိုင်အောင် လောကီအကျိုးစီးပွားများဖြစ် ထွန်းတိုးတက်ကြပြီး အပါယ်လေးပါးမှ လွတ်မြောက်နိုင်ကြပါစေဟု ဆုတောင်းမေတာပို့သလိုက်ရပါသည်။ 

အားလုံး သတဝါတွေ ကျန်းမာကြပါစေ ချမ်းသာကြပါစေ ရန်မှိကြပါစေနှင့် အချင်းချင်း ချစ်ခင်ကြ ပါစေ၊ နိဗာန်ရောက်ကြောင်းတရားကောင်းကို ကျင့်ကြံ အားထုတ် ပွားများနိုင်ကြပါစေ…
        
(ဗုဒ ဓမ တရားစုများ “The Collection of the Buddha’s Teachings”ကို မည်သူမဆို ကူးယူခြင်း၊ ပွားများခြင်း၊ အခြားဘာသာများသို့ဘာသာပြန်ဆိုခြင်း၊ ပုံနှိပ်ထုတ်ဝေ ဓမဒါနပြုခြင်းများကို လွတ်လပ်စွာပြုလုပ်နိုင်ကြပါသည်။ ကျွန်တော် သန်းထီစုကြီးများပေါက်ခဲ့ပါက ဗုဒ ဓမ တရားစုများစုများ ကို ပုံနှိပ်ထုတ်ဝေပြီး ဓမဒါနပြု လှူဒါန်းသွားပါမည်။ တစ်လလျှင် ထီတစ်တွဲ မှန်မှန်ထိုးနေပါသည်။)

အလှူတကာ့ အလှူထဲတွင် တရားအလှူသည် အသာဆုံး အမြတ်ဆုံးဖြစ်သည်။
သဗဒါနံ ဓမဒါနံ ဇိနာတိ (The gift of the Dhamma exceeds all other gifts.)
ဦးသန့်ဇင် B. Sc (Botany)

No comments:

Post a Comment