သင်္ဂိတိ-သံဂါယနာ၊ သံဃာ့အစည်းအဝေးကြီး၊ သံဂါယနာတင်ပွဲ

၁။ ၄၅-ဝါပတ်လုံး ဘုရားရှင်ဟောကြားတော်မူခဲ့သော တရားတော်များကို အရှင်မဟာကဿပ ဦးဆောင်သော ရဟန္တာမထေရ် ၅၀၀-တို့သည် ဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံပြီး သုံးလနှင့်လေးရက် အကြာတွင် ရာဇဂြိုဟ်မြို့၌ စံနစ်တကျ စုစည်းအတည်ပြုခဲ့သည်။

၂။ သာသနာနှစ် (၁၀၀)တွင် ဝေသာလီမြို့၌ အရှင်ယသထေရ် ဦးဆောင်သော ရဟန္တာမထေရ် (၇၀၀) တို့သည် အဓမ္မဝတ္ထု (၁၀)ပါးကို သုတ်သင်ရှင်းလင်းကာ ဒုတိယသံဂါယနာ တင်ခဲ့ကြသည်။

၃။ သာသနာနှစ် (၂၃၅)တွင် ပါဋလိပုတ်မြို့၌ အရှင်မဟာမောဂ္ဂလိပုတ္တတိဿ ဦးဆောင်သော ရဟန္တာ မထေရ်အပါး (၁၀၀၀)တို့သည် အဓမ္မဝါဒများကို စိစစ်သုတ်သင်၍ တတိယသံဂါယနာတင်ခဲ့သည်။

၎။ သာသနာနှစ် (၄၅၀)တွင် သီဟိုဠ်ကျွန်း မလယဇနပုဒ်၌ အရှင်မဟာဓမ္မရက္ခိ ဦးဆောင်သော မထေရ် (၅၀၀)တို့သည် ပေထက်အက္ခရာတင်ကာ စတုတ္ထသံဂါယနာတင်ခဲ့ကြသည်။

၅။ သာသနာနှစ် (၂၄၁၅)တွင် မြန်မာနိုင်ငံ မန္တလေးမြို့၌ အရှင်ဇာဂရာဘိဝံသ ဦးဆောင်သော မထေရ် (၂၄၀၀)တို့သည် ကျောက်ထက်အက္ခရာတင်ကာ ပဉ္စမသံဂါယနာတင်ခဲ့ကြသည်။

၆။ သာသနာနှစ် (၂၄၉၈)တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့ ကမ္ဘာဧဘုရား မဟာပါသနလိုင်ဂူတော်ကြီး၌ အရှင်ရေဝတ ဦးဆောင်သော မထေရ် (၂၅၀၀)တို့သည် ပုံနှိပ်စာအုပ် မူသန့်များဖြစ်အောင် သုတ် သင်တည်းဖြတ်၍ ဆဋ္ဌသံဂါယနာ တင်ခဲ့ကြသည်။

ညွှန်း- ဗုဒ္ဓဒေသနာတော် ဝေါဟာရ အဘိဓာန်၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာသက္ကရာဇ်-၂၅၄၀၊ စာ-၂၅၂။

No comments:

Post a Comment