ကြီးပွားချမ်းသာကြောင်း မင်္ဂလာတရားတော် (၃၈-ဖြာမင်္ဂလာကဗျာများ)


မကောင်းမှုဟူသမျှကို ပယ်ဖျောက်တတ်ပြီ ကြီးပွားချမ်းသာကြောင်းဖြစ်သော အကျင့်စရိုက်၊ အပြုအမူ၊ သဘောသဘာဝကို “မဂလာ” ဟုခေါ်ဆိုကြောင်း ဗုဒ္ဓ့မြတ်စွာ ဟောကြားတော်မူခဲ့ပါသည်။ မဂလာပါ”၊ “မဂလှိာပါစေ” စသဖြင့် တစ်ဦးနှင့်တစ်ဦး၊ တစ်ယောက်နှင့်တစ်ယောက် တွေ့ဆုံကြ သည့်အခါတိုင်း နေ့စဉ်နှင့်အမျှ ဆုတောင်းနှုတ်ဆက်နေကြသော်လည်း မဂလာ၏အဓိပာယ်ကို သေသေခြာခြာ ဂဃ နဏ သှိသူနည်းပေသည်။ ကျွန်တော်တို့ငယ်စဉ် လွန်ခဲ့သည့်အနှစ် ၆၀ ခန့်က မူလတန်းတွင် နံက်တိုင်း ကျောင်တက်ချိန်တိုင်း စာမသင်မီ မတ်တပ်ရပ်ပြီး ၃၈-ဖြာ မဂလာကဗျာကို နေစဉ်သံပြိုင် ဆိုကြရပါသည်။ ကျောင်းသားကျောင်းသူများလူငယ်များအနေဖြင့် မိမိပတ်ဝန်ကျင်တွင့် မည်သို့မည်ပုံ နေထိုင်ပြုမူ ပြောဆို ကျင့်ကြံရမည်ကို ဥဏှောက်ထဲ အသဲထဲတွင်စွဲဝင် သိမြင်နေပေသည်။ 

ယနေ့ခေတ်တွင် ကျောင်းများ ၃၈-ဖြာမဂလာကဗျွာတ်ဆိုသံများ မကြားရကြာချေပြီ။ သို့သော် နွေရာသီ ကျောင်းပိတ်ရက်များတွင် ဘုန်ကြီးကျောင်းများ ဖွင့်လှစ်သင်ကြားပေးသော ယဉ်ကျေးလိမ္မာ သင်တန်းများ တွင်မူ သင်ကြားပေးလျှက် ရှိသည်မှာ  ကျေးဇူးတင်ဝမ်းမြောက်ဖွယ်ရာ ပင်ဖြစ်ပါသည်။ 

နောင်တခေတ်၏ နိုင်ငံသားကောင်းရတနာ၊ သမီးကောင်ရတနာများဖြစ်လာကြမည့် သားငယ်၊ သမီးငယ်ကလေးများအပါအဝင် လူရွယ် လူလတ်ပိုင်းပါမကျန် ကြီးပွားချမ်းသာကြောင်း မဂလာတရား တော်ကို လေ့လာ သိရှိ ပြုမူ ကျင့်ကြံ နေထိုင်တတ်ကြစေရန် ဆရာကြီး ဒေါက်တာမင်းတင်မွန် ရေးသားပြုစု သော “ယဉ်ကျေးလိမ္မာ ရင်သွေးကမ္ဘာ” စာအုပ်ငယ်မှ “၃၈-ဖြာမဂလာကဗျာ”ကို ကူးယူရေးသာဖေါ်ပြအပ် ပါသည်။
 
၃၈-ဖြာမင်္ဂလာကဗျာများ
၁။       ယံမင်္ဂလံ
သုံးဆယ့ှ်စ်ဖြာ မင်္ဂလာတရားကို နတ်လူအများ ကြံစည်ပေ။
ဘယ်သင်းဘယ်ဟာ မင်္ဂလာစစ်ဟု၊ သေခြာဇာစ်မြစ်မသိပေ။
ဆယ့်နှစ်နှစ်တိုင်တိုင် နှုတ်ပြိုင်ငြင်းလို့၊ မင်္ဂလာအခင်း မပြီးပေ။
မင်္ဂလာတရား၊ ဝါဒများ၊ ကွဲပြားနတ်လူတွေ။
အဲဒါကြောင့် ကြံကြ စည်ကြ ကမာ့မင်္ဂလာတွေ။
၂။       ဧဝံ မေ သုတံ
သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်း၌၊ ကိန်းအောင်းပျော်ပိုက် မြတ်စိန္တေ၊
သန်းခေါင်ယံခါ မထင်ရှာသည့်၊ နတ်သားတစ်ယောက် ချဉ်းကပ်လေ၊
လေးမြတ်ရိုသေ မင်္ဂလာသဘောကို၊ ထင်ရှားဟောဖို့ လျှောက်ပန်ချွေ၊
အသေဝနာတရား၊ အစထား၊ ဟောကြားမိန့်ခဲ့ပေ။
အဲဒါကြောင့် နာရကြားရ ကမာ့မင်္ဂလာတွေ။
၃။       အသေဝနာစ
လူမိုက်ဆိုလျှငှ်ောင်သွေလွဲလို့၊ မမှီဝဲနဲ့ ကင်းအောင်နေ၊
ပညှိာကို အှည်တွဲလို့၊ မှီဝဲဆည်းကပ် နည်းယူစေ၊
သုံးပါးရတနာ မိဘများနှင့်၊ ဆရာသမားကို ပူဇော်လေ၊
ချမ်းသာကိုပေး ဆက်ဆံရေး၊ မျှော်တွေးသုံးချက်ပေ၊
အဲဒါမှ ဗုဒဝါဒ ကမာ့မင်္ဂလာတွေ။
၎။       ပဋိုပ
ကုသိုလ်ပညာ ဥစာရဖို့၊ သင့်ရာဒေသ အမြဲနေ၊
ှးကတင်ကြို ပြုခဲ့ဖူးသည့်၊ ကောင်မှုအထူှးိပါစေ၊
မိမိကိုယ်ကို ကောင်းအောင်ထိန်းလို့၊ မတိမ်းစေနဲ့ ဆောက်တည်လေ၊
ဥစာကိုပေး၊ နေထိုင်ရေး၊ မျှော်တွေးသုံးချက်ပေ၊
အဲဒါမှ ဗုဒဝါဒ ကမာ့မင်္ဂလာတွေ။
၅။       ဗာဟုသစ
တတ်ကောင်းတတ်ရာ ဟူသမျှကို၊ ကြားမြင်သုတှိပါစေ၊
အိုးအိမ်တည်ထောင် ဝမ်းစာရေးနဲ့၊ အသက်မွေးဖို့ အတတ်သင်လေ၊
လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို၊ ကောင်းစွာသင်ကြား နားလည်စေ၊
မှန်ကန်ယဉ်ကျေး၊ ချိုသာအေး၊ ဆိုရေးတတ်ပါစေ။
အဲဒါမှ ဗုဒဝါဒ ကမာ့မင်္ဂလာတွေ။
၆။       မာတာပိတ
မြင်းမိုရ်ွှေတောင် မိဘကြွေးကို၊ ကောင်းစွာဆပ်ပေး ဝတ်ကျေကျေ၊
ကြွေးသစ်ချကာ သားနှင့်မယား၊ မြောက်စားချီးမြင့် ဝတ်ကုန်စေ၊
အလုပ်တာဝန် မလစ်ဟင်းနဲ့၊ အပြစ်ကင်းအောင် လုပ်ပါလေ၊
စည်းစိမ်ကိုပေး ပြုစုရေး၊ မျှော်တွေးသုံးချက်ပေ။
အဲဒါမှ ဗုဒဝါဒ ကမာ့မင်္ဂလာတွေ။
၇။       ဒါနဥ
သုံးတန်စေတနာ ဖြူစင်လန်းလို့၊ ပေးကမ်းဝေမျှ လှူနိုင်စေ၊
ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့၊ သုစိုက်တရားကို ကျင့်ပါလေ၊
ဆွေမျိုးတွေကို ပြစ်ကာမထားနဲ့၊ သင်္ဂဟတရာနဲ့ ချီးမြောက်လေ၊
သန့်စင်ပြစ်မျိုး၊ လူထုကျိုး၊ သယ်ပိုးဆောင်ွက်စေ၊
အဲဒါမှ ဗုဒဝါဒ ကမာ့မင်္ဂလာတွေ။
၈။       အာရတ        
မကောင်းမှုတွေ ဟူသမျှကို၊ မတွေ့ခင်ကှောင်ကြဉ်လေ၊
တွေ့ကြုံလာလျှင် မလွန်ကြူးနဲ့၊ အထူးသဖြင့် စောင့်စည်းနေ၊
အရက်သေစာ မသောက်စားနဲ့၊ မှောက်မှားတတ်တဲ့ အရာပေ၊
လုပ်ကိုင်ပြောကြား၊ သတိထား၊ တရားမမေ့စေ၊
အဲဒါမှ ဗုဒဝါဒ ကမာ့မင်္ဂလာတွေ။
၉။       ဂါရဝေါစ
အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက၊ ဆည်းကပ်ခစာိးုသေသေ၊
မာနတံခွန် ဂုဏ်မကြွနဲ့၊ ကိုယ့်ကိုနှိမ့်ချ အမြဲနေ၊
လောဘအပို အလိုမလိုက်နဲ့၊ ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ၊
ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး၊ အထူးသိတတ်စေ၊
အဲဒါမှ ဗုဒဝါဒ ကမာ့မင်္ဂလာတွေ။
၁၀။     ခန္တီစ
ဝတ်စားနေထိုင် ရန်ခပ်သိမ်း၊ စိတ်ကိုချုပ်ထိန်း သည်းခံလေ၊
ကျိုးကြောင်းပြညွှန် ဆုံးမစကား၊ ပြောကြားလာက နာလွယ်စေ၊
သူမြတ်ပိုဂ္ဂိုလ် ဟူသမျှကို၊ မကြာခဏ တွေ့ဆုံလေ၊
          သဘာဝတွေး၊ မှန်ကန်ရေ၊ ဆွေးနွေးမပြတ်ပေ၊
အဲဒါမှ ဗုဒဝါဒ ကမာ့မင်္ဂလာတွေ။
၁၁။     တပေါစ
လောကီအာုံ ဇိမ်ယစ်မူးလို့၊ အပျော်မကြူးနဲ့ ခြိုးခြံလေ၊
မေတာဗြဟစိုရ် လက်ကိုင်သုံးလို့၊ သူမြတ်ကျင့်ထုံး ယွင်းမသွေ၊
လေးပါးသစာ ဥာဏ်မြင်ကြည့်လို့၊ အမှန်သိအောင် ကြိုးစားလေ၊
ဒုကလွတ်ကင်း၊ နိဗာန်ချဉ်း၊ အလင်းပေါက်ပါစေ၊
အဲဒါမှ ဗုဒဝါဒ ကမာ့မင်္ဂလာတွေ။
၁၂။     ဖုဋ္ဌ
ဆင်းရဲချမ်းသာ သဘာဝ၊ တွေ့ကြုံနေကျ လူတိုင်းပေ၊
ကောင်းဆိုးနှစ်တန် အစုံတွဲလို့၊ တလဲစီလှည့် အမြဲနေ၊
လောကဓံကြုံ မဖြုံတမ်းပေါ့၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ၊
သောကကိုထိန်း၊ ရမက်သိမ်း၊ အေးငြိမ်းချမ်းသာနေ၊
အဲဒါမှ ဗုဒဝါဒ ကမာ့မင်္ဂလာတွေ။
၁၃။     ဧတာဒိသာနိ
သုံးဆယ့ှ်စ်ဖြာ မင်္ဂလာကုံးကို၊ လိုက်နာကျင့်သုံး ပန်သူတွေ၊
စီးပွားချမ်းသာ ကျက်သရေတိုးလို့၊ ကောင်ကျိုးစည်ပွင့် တဝေဝေ၊
ဘေးကင်းရန်ကွာ ချစ်သူပေါလို၊ စိတ်ရောကိုယ်ရော ချမ်းသာမလေ၊
ပြောဆိုကြံဆ၊ ဆောင်သမျှ၊ အောင်ရမည်ကိန်းသေ၊ အဲဒါကြောင့် ပန်ကြဆင်ကြ မင်္ဂလာပန်းခိုင်တွေ။

No comments:

Post a Comment