တမလွန်ဘဝ

အာသာ၊ ဆန္ဒ၊ စေတနာ၊ ဇော၊ ရမ္မက်၊ တဏှာ(တွယ်တာစွဲလမ်းမှု၊ တပ်မက်မှု)သည် ဤကမ္ဘာတွင် အင်အားအကြီးမားဆုံးဖြစ်သည်။ ရူပကာယသည် အမှုကိစ္စအားလုံး ဆောင်ရွက်မှုရပ် စဲ၍ သေဆုံးခြင်းသို့ရောက်ပြီဟုဆိုရသောအချိန်တွင် ဤတဏှာ၏စွမ်းအင်အဟုန်သည်ရပ်တန့်မှု မရှိဘဲ အခြား ရုပ်သန္တာန်တစ်ခု၌ ဆက်လက်၍ ထင်ရှားပြပြန်လေသည်။ ဤသိုဖြင့် ဘဝသစ်(Life after death) တဖန် ဖြစ်ပေါ်လာစေပြန်ပါသည်။

ဘဝတည်ရှိရန်နှင့်ဖြစ်ပေါ်ရန် စွဲလမ်းသောတဏှာရှိနေသမျှ သံသရာရဟတ်သည် လည်ပတ်မြဲ လည်ပတ်နေမည်သာဖြစ်သည်။ ယင်းစက်ရဟတ်အား ခုတ်မောင်းနေသည့် အင်အား တည်းဟူသော ဤတဏှာကို “အမှန်တရား သစ္စာ (ဝါ) နိဗ္ဗာန်” ကို မျက်မှောက်ပြုသော ပညာဖြင့် ဖြတ်တောက်နိုင်မှသာ ဤသံသရာစက်ရဟတ် အလည်ရပ်နိုင်ပေမည်။

ဤကမ္ဘာလောကတွင် အန်တုဖက်ပြိုင် ဘေးဒုက္ခဆိုင်လေသမျှသည် ထိုကိုယ်ကျိုးရှုတဏှာကြောင့် ဖြစ်ပွား ပေါ်ပေါက်လာခြင်းသာဖြစ်ပါသည်။ ဤရှုထောင့်မှကြည့်သော် အားလုံးသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးရာ ပြဿနာအားလုံးတို့သည် ထိုကိုယ်ကျိုးရှုတဏှာတွင် အခြေခံလျက်ရှိပေ သည်။

ညွှန်း - “ဗုဒ္ဒဘာသာကောင်းတစ်ယောက်” ၊ အခန်း (၅)၊ ‘သစ္စာ(၄)ပါးတရား’၊ စာ ၄၀၅ - ၄၀၉၊ သာသနာတော်ထွန်ကားပြန့်ပွားရေးဦးစီးဌာန၊ ရန်ကုန်၊ သာသနာသက္ကရာဇ် - ၂၅၅၁။

No comments:

Post a Comment