ဗုဒ္ဓသာသနာ သိမှတ်ဖွယ်ရာအဖြာဖြာ

ဗုဒ္ဓက ခွင့်ပြုတော်မူသော လွတ်လပ်စွာ တွေးခေါ်မှု 


ကာလာမ အမျိုးသားတို့ -
  • သတင်းစကားကို ကြားရုံမျှဖြင့် နားမယောင်နှင့်၊ 
  •  အစဉ်အလာဖြစ်ပေသည်ဟူ၍လည်း လက်မခံနှင့်၊ 
  • လူပြော သူပြော တစ်ဆင့်စကားကိုလည်း မယုံလေနှင့်၊ 
  • ဘာသာရေးကျမ်းကြီးများ ကိုးကားပြော၍လည် မှန်လှပြီ မထင်လေနှင့်၊ 
  • တက္ကနည်းနှင့် ဆင်ခြင် ကြံဆ ယူရုံမျှကိုလည်း နားမယောင်လေနှင့်၊ 
  • ပုံပန်းအမြင် သဏ္ဍာန် ကြည့်၍လည်း မဆုံးဖြတ်နှင့်၊
  •  ရော်ရမ်းမှန်းဆ ယူရသော သဘော ထင်မြင်ချက်ကိုလည်း အမှန်ဟု မမှတ် မယူနှင့်၊
  •  ဖြစ်နိုင်ကောင်း၏ဟု ထင်မြင်ရယုံဖြင့်လည်း အမှန်ဟု မမှတ်ယူနှင့်၊ 
  • အသင်တို့ ကိုးကွယ်ဆည်းကပ်ရာ ဆရာသမားဖြစ်ပေသည် ဟူသော သဘေားကြောင့် လည်း မှန်လှပြီဟု တထစ်ချ မမှတ်ကုန်ရာ။ 
“အို- ကာလာမနွယ်ဖွား အမျိုးသားတို့! အချို့သော အကြောင်းတရားသည် အကုသိုလ်ဖြစ် သည်၊ မမှန်ကန်၊ မကောင်းကျိုးကိုဖြစ်စေသည်ဟု သင်တို့ ကိုယ်တိုင်ကိုယ်ကျ သိရှိ၏၊ ထိုအကြာင်းတရားများကို စွန့်ပယ်ကြကုန်လော့။”

“အချို့အကြောင်းတရားများမှမူ ကုသိုလ် ဖြစ်သည်၊ ကောင်းကျိုးကို ဖြစ်စေသည်ဟု အသင် တို့ ကိုယ်တိုင်ကိုယ်ကျ သိ၏၊ ထိုအကြောင်းတရားများကို နှစ်သက်စွာ လက်ခံ၍ လိုက်နာ ကျင့်ကြံကြပေတော့။” (အင်္ဂုတ္တရနိကာယ)

ဗုဒ္ဓက ဤထက်ပင် လွန်ကဲ၍ ဆိုပေသေးသည် -

တစ်စုံတစ်ယောက်အား မိမိဆရာအဖြစ် လက်ခံလိုက်နာမည်ဆိုလျှင် ‘တထာဂတ’ မြတ်စွာဘုရားကိုပင်သော်လည်း အမျိုးစစ် အဖိုးတန် မှန်မမှန် ထင်ရှား သိမြင်နိုင်ရန် သေခြား စွာစစ်ဆေးစမ်းသပ်လေ့လာသင့်သည်-ဟု ၄င်း၏ ရဟန်းတို့အား မိန့်မြွက်ခဲ့လေသည်။ (ဝိမံသကသုတ္တ။ အမှတ်(၄၇)။ မဇ္ဈိမနိကာယ။)

 ညွှန်း - RAHULA, WALPOLA: What the Buddha Taught: ကို ဇေယျာမောင်(ဦးကိုလေး) မြန်မာပြန် ဆိုသည့် မြတ်ဗုဒ္ဓဒေသနာ၊ အဋ္ဌမအကြိမ်၊ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ။ စာ-၂၉။

ဗုဒ္ဓသာသနာ 

သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ။
သစိတ္တပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ။
မကောင်းမှု အကုသိုလ် အားလုံးကို မပြုရ၊
 ကောင်းမှု ကုသိုလ် အားလုံးကို ပြည့်စုံစေရမည်၊
မိမိစိတ်ကို လုံးဝ ဖြူစင်စေရမည်၊
ဤသုံးပါးဟာ ဘုရားရှင်တို့၏ အဆုံးအမ သာသနာတော် ဖြစ်သည်။

ဗုဒ္ဓလမ်းစဉ် 

ဗုဒ္ဓ၏ နည်းလမ်းမှာ အကြမ်းဖက်မှုကင်းသော ငြိမ်းချမ်းရေးဝါဒကို လက်ကိုင်ပြု၍ မေတ္တာ ကရုဏာထားသော သည်းခံမှု နားလည်မှုရှိသော၊ အမှန်တရားစွဲကိုင်၍ ဉာဏ်ပညာနှင့်ပြည့်စုံ သော၊ သက်ရှိသတ္တဝါအားလုံးအပေါ် ညှာတာထောက်ထားသော၊ တစ်ကိုယ်ကောင်းစိတ်ထား၊ မုန်းတီး အမျက်ပွားခြင်း၊ အကြမ်းဖက်ခြင်းတို့မှ လုံးဝကင်းရှင်းသော လမ်းစဉ်ဖြစ်ပေသည်။

‘ရန်ကို ရန်တုံ့မူခြင်းအားဖြင့် ဘယ်အခါမျှ မငြိမ်းကုန်၊ ရန်တုံ့မမူဘဲ ကြင်နာစိတ်ထားခြင်း ဖြင့် ငြိမ်းကုန်၏။ ဤကား ရှေးအစဉ်အလာ ဓမ္မတာပေတည်း’ ဟူ၍ မြတ်စွာဘုရား မိန့်ကြားတော်မူ သည်။

 အမျက်ဒေါသထွက်သောသူကို အမျက်မထွက်ခြင်း (မေတ္တာထားခြင်းဖြင့်) အောင်ရာ၏။ မကောင်းသောသူကို ကောင်းသောသဘောဖြင့် အောင်ရာ၏။ နှမြောဝန်တိုသောသူကို ပေးကမ်း ခြင်းဖြင့် အောင်ရာ၏။

မိမိ၏ အိမ်နည်းချင်းအပေါ် နိုင်ထက်စီးနင်းပြုလုပ်၍ အောင်နိုင်မှုရလိုသောစိတ် ပြင်ပြနေ သည့် တစ်စုံတစ်ယောက်သောသူ၌ ပျော်ရွှင်ချမ်းသာမှု၊ ငြိမ်းချမ်းမှု မရရှိနိုင်ပေ။ ‘အနိုင်ရသောသူ မှာ ရန်များ၏၊ အမုန်ပွား၏။ အရှုံးခံရသောသူသည် ဆင်းရဲငြိုငြင်စွာနေရ၏။ အောင်ခြင်း၊ ရှုံးခြင်း သဘောနှစ်ပါးကို ပယ်ရှားသူသည် အေးငြိမ်းချမ်းသာစွာ နေရ၏။’ဟု မြတ်စွာဘုရားမိန့်မြွက်တောမူ သည်။ (ဓမ္မပဒ ၁၅၊ ၅။)

 ငြိမ်ချမ်းခြင်းနှင့်ပျော်ရွှင်ခြင်းကို ဆောင်ယူနိုင်သော တစ်ခုတည်းသော အောင်နိုင်မှုသည် မိမိကိုယ် အောင်နိုင်မှုသာလျှင် ဖြစ်သည်။ ‘စစ်မြေပြင်၌ ရန်သူသိန်းသန်းကို အောင်နိုင်ရာ၏။ သို့ရာတွင် မိမိတစ်ကိုယ်တည်းကိုသာ အောင်နိုင်သူသည် အောင်နိုင်သူများတွင် အထူးကဲဆုံးဖြစ် သည့် ဗိုလ်ချုပ်ဖြစ်သည်။’ (ဓမ္မပဒ ၈၊ ၄။)

ညွှန်း - RAHULA, WALPOLA: What the Buddha Taught: ကို ဇေယျာမောင်(ဦးကိုလေး) မြန်မာပြန် ဆိုသည့် မြတ်ဗုဒ္ဓဒေသနာ၊ အဋ္ဌမအကြိမ်၊ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ။ စာ ၁၈၅-၁၈၆။

မမေ့အပ်သော ဗုဒ္ဓသြဝါဒ 

  • အားကိုးရာအစစ်ကား ဗုဒ္ဓ၊ ဓမ္မ၊ သံဃ။ 
  • မိတ်ဆွေအစစ်ကား ကံ၊ ဉာဏ်၊ ဝီရိယ။ 
  • ရန်သူအစစ်ကား လောဘ၊ ဒေါသ၊ မောဟ။ 
  •  နေ့စဉ်အလုပ်ကား ဒါန၊ သီလ၊ ဘာဝနာ။ 
  • အမြဲနှလုံးသွင်းရန်ကား အနိစ္စ၊ ဒုက၊ အနတ္တ။ 
  •  အမြဲလက်ကိုင်ထားရန်ကား ခန္တီ၊ မေတ္တာ၊ သစ္စာ။ 

သီလဂုဏ်ကျေးဇူးကဗျာ

သီလခေါ်ဆို ကိုယ်ကျင့်ကောင်းမှ၊ တောင်းတိုင်းတတိုင်း ရနိုင်တယ်။
ပဒေသာပင်အိမ်မှာပေါက်သလို၊ ကောက်ယူသုံးလို့ မကုန်နိုင်တယ်။
ဥစ္စာစုပုံ ကုန်မယွင်း ဂုဏ်သတင်းလဲ သင်းပျံ့မယ်။
 ရောက်လေရာရာ ပွဲလယ်တင့်လို့၊ ရဲရင့်ရွှင်ပျ ခင်ကြမယ်။
 သေရသော်လည်း သတိကောင်းလို့၊ ဂတိပြောင်းတော့ နတ်ပြည်ဝယ်။
သီလကောင်းကျိုး၊ ချက်ချင်းတိုး၊ အားကိုးလောက်ပေတယ်။
အဲဒါကြောင့် ကိုယ်ကျင့်သီလ ဒီဘဝတည်ကြမြဲကြမယ်။

ညွှန်း- ဒေါက်တာမင်းတင်မွန်၊ ယဉ်ကျေးလိမ္မာ ရင်သွေးကမ္ဘာ၊ စာ - ၅၅။

သူတော်ကောင်းဥစ္စာ ၇ -ပါး

၁။ သဒ္ဓါ = ဘုရား တရား သံဃာ ကံ-ကံ၏အကျိုးတို့ကို ယုံကြည်ခြင်း၊
၂။ သီလ = သီလဖြူစင်ခြင်း၊
၃။ စာဂ = စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း၊
၎။ သုတ = အကြားအမြင်များခြင်း၊
၅။ ပညာ = ရုပ်နာမ်အသိပညာနှင့် မင်္ဂဥာဏ် ဖိုလ်ဥာဏ်၊
၆။ ဟိရိ = မကောင်းမှုပြုလုပ်ရန် ရှက်မုန်းခြင်း၊
၇။ ဩတ္တပ္ပ = မကောင်းမှုပြုလုပ်ရန် ကြောက်လန့်ခြင်း၊

ဤဥစ္စာ ၇ -ပါးသည် ကုသိုလ်ကံမြောက်များစွာကိုဖြစ်ပေါ်စေပြီး ဘဝကုဋေကုဋာ ကောင်းကျိုး ချမ်းသာ ပေးနိုင်၏။

ညွှန်း - ဒေါက်တာမင်းတင်မွန်၊ “ယဉ်ကျေးလိမ္မာ ရင်သွေးကမ္ဘာ”၊ စာ -၁၁၈။

ဤလောကတွင်ချမ်းသာသုခဖြစ်စေသောအကြောင်းအရာ လေးမျိုးရှိပေသည်ဟု မြတ်စွာဘုရားမြွက်ကြားတော်မူ၏။

ပထမ ဥဋ္ဌာနသမ္ပဒါ = မည်သည့်အသက်မွေးဝမ်းကြောင်းလုပ်ငန်၌မဆို လုပ်ငန်းတွင် ကောင်းစွာ ကျွမ်းကျင်ရမည်။ ကျေပွန်အောင် ဆောင်ရွက်နိုင်သော အရည်အချင်း ရှိရမည်။ လုပ်ငန်းကို စိတ်ပါလက်ပါ တက်တက်ကြွကြွ ဆောင်ရွက်ရမည်။

ဒုတိယ အာရက္ခသမ္ပဒါ = ဤသို့ မိမိချွေးနှင့်ကောင်းမွန်မှန်ကန်စွာ ရှာဖွေရရှိထားသော ဥစ္စာပစ္စည်း များကို ကောင်းစွာထိန်သိမ်းစောင့်ရှောက်ရမည်။

တတိယ ကလျာဏမိတ္တတာ = မိမိအပေါ်၌ သစ္စာရှိသော၊ ဉာဏ်မညာကြွယ်ဝ သီလသိက္ခာနှင့် ပြည့်စုံသော၊ ရက်ရောသော၊ အသိဉာဏ်ဆင်ခြင်တုံတရားနှင့်ပြည့်စုံ၍ မကောင်းမှုကိုရှောင်ကြဉ်၊ ကောင်မှု တွင်သက်ဝင်စေမည့် အဆွေခင်းပွန်းကောင်းများရှိရမည်။

 စတုတ္ထ သမဇီဝိတတာ = မိမိဝင်ငွေနှင့်လျော်ညီစွာ မနည်းလွန်း မများလွန်း ချင့်ချိန်နှိုင်ဆ၍သုံးစွဲရ မည်။ ဥစ္စာပစ္စည်းကို လောဘရမ္မက်ကြီးစွာဖြင့် သိုမှီးထားခြင်းလည်းမပြုရ။ စည်မဲ့ကမ်းမဲ့ သုံးဖြုန်း၍လည်း မပစ်ရဟုဆိုလိုသည်။ တစ်နည်းဆိုသော် မိမိရှာဖွေစုဆောင်းရသည့် ဥစ္စာပစ္စည်း၏ အတိုင်းအတာ ပမာဏ ကို နှိုင်ချိန်၍ နေထိုင်စားသောက်သွားရမည်။ ဥပမာ-သိင်္ဂါလလုလင်အား -
  • ရှာဖွေရသည့်ဝင်ငွေ၏ လေးပုံတစ်ပုံကို နေ့စဉ်အသုံးစရိတ်အဖြစ်သုံးစွဲရမည်၊ 
  • ဝင်ငွေ၏တစ်ဝက်မျှကို မိမိစီးပွာရေးလုပ်ငန်းတွင် ရင်နှီးထည့်ဝင်၍၊ 
  • ကျန်လေးပုံတစ်ပုံကို မမျှော်လင့်သော အရေးပေါ်ကိစ္စများအတွက် သီးသန့်စုဆောင်းထား ရမည်
ဟု ဗုဒ္ဓမြတ်စွာက သြဝါဒပေးခဲ့ပေသည်။

ညွှန်း - RAHULA, WALPOLA: What the Buddha Taught: ကို ဇေယျာမောင်(ဦးကိုလေး) မြန်မာပြန် ဆိုသည့် မြတ်ဗုဒ္ဓဒေသနာ၊ အဋ္ဌမအကြိမ်၊ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ။ စာ ၁၇၉-၁၈၀။

 နောင် တမလွန်ဘဝ၌ ချမ်းသာသုခဖြစ်စေမည့်ကျင့်ဝတ် သိက္ခာ ၄-ပါး

၁။ သဒ္ဓါ = သီလ၊ သမာဓိ၊ ပညာတရားတို့၏ဂုဏ်အရည်အချင်းများနှင့်တန်ဖိုးများတွင် စိတ်ချ ယုံကြည်မှုထားရှိခြင်း။
၂။ သီလ = သက်ရှိသတ္တဝါအား သတ်ဖြတ်ခြင်း၊ အန္တရာယ်ပြုခြင်းမှ ရှောင်ကြဉ်ခြင်း၊ သူတစ် ပါးဥစ္စာ ခိုးယူခြင်း၊ လိမ်လည်ခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊ သူတစ်ပါးသားမယားမပြစ်မှားခြင်း၊ မဟုတ်မမှန် မပြောဆိုခြင်းနှင့် သေရည်သေရက်များကို ရှောင်ကြဉ်ခြင်းတို့ဖြစ်သည်။
၃။ စာဂ = မိမိဥစ္စာပစ္စည်း၌ လွန်စွာမက်မောတပ်မက်ခြင်းကင်း၍ ရက်ရောစွာ ပေးကမ်းစွန့်ကြဲ ခြင်း။
၎။ ပညာ = ဒုက္ခကိုချုပ်ငြိမ်းစေ၍ နိဗ္ဗာန်ကိုမျက်မှောက်ပြုစေနိုင်သော ဝိပဿနာဉာဏ်ပညာ ဖြစ်ထွန်းပေါ်ပေါက်စေရန် ကြိုးပမ်းအားထုတ်ခြင်း။

 ညွှန်း - RAHULA, WALPOLA: What the Buddha Taught: ကို ဇေယျာမောင်(ဦးကိုလေး) မြန်မာပြန် ဆိုသည့် မြတ်ဗုဒ္ဓဒေသနာ၊ အဋ္ဌမအကြိမ်၊ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ။ စာ-၁၈၀။

ကံစီမံလို့ လူတန်းစားကွဲးပြားရသည်။ 

၁။ သူ့ကိုသတ်ဖြတ်၊ သက်တိုတတ်၊ မသတ် အသက်ရှည်။
၂။ ညှဉ်းဆဲသူများ၊ အနာများ၊ သနား ကျန်းမာမည်။
 ၃။ ဒေါသမီလျှံ၊ အကျည်းတန်၊ သည်းခံ လှပမည်။
၎။ မနာလိုပြန်၊ ခြွေရံကွာ၊ ကြည်သာ ခြွေရံစည်။
၅။ မပေးလှူက၊ မွဲးပြာကျ၊ လှူမှ ပေါများမည်။
၆။ မရိုမသေ၊ မျိုးယုတ်ခြေ၊ ရိုသေ မျိုးမြတ်မည်။
 ၇။ မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်း ဥာဏ်ကြီးမည်။
 ၈။ ဆိုးတာပြုက၊ ဆိုးတာရ၊ ကောင်းမှ ကောင်းစားမည်။
၉။ ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ ခံ စံကြရမည်။
(မဟာစည်ဆရာတော်- စူဠကမ္မဝိဘင်္ဂသုတ်)

ကိလေသာ - စိတ်ညစ်ညူးကြောင်းဖြစ်သော တရား

ကိလေသာ (၁၀) မျိုးမှာ -
(၁) လောဘ - လိုချင်တပ်မက်ခြင်း၊
(၂) ဒေါသ - အမျက်ထွက်ခြင်း၊
(၃) မောဟ - တွေဝေခြင်း၊
(၄) မာန - ထောင်လွှားခြင်း၊
(၅) ဒိဋ္ဌိ - အယူမှားခြင်း၊
(၆) ဝိစိကိစ္ဆာ - ယုံမှားခြင်း၊ မဆုံးဖြတ်နိုင်ခြင်း၊
(၇) ထိန - ထိုင်မှိုင်းခြင်း၊
(၈) ဥဒ္ဓစ္စ - မတည်ငြိမ် ပျံ့လွင့်ခြင်း၊
(၉) အဟိရိက - မကောင်းမှုပြုလုပ်ရမည်ကို မရှက်ခြင်း၊
(၁၀) အနောတ္တပ္ပ - မကောင်းမှုပြုလုပ်ရမည်ကို မကြောက် မရွံခြင်း- တို့ဖြစ်သည်။

ညွှန်း - ဗုဒ္ဓဒေသနာတော် ဝေါဟာရ အဘိဓာန်၊ မြန်မာနိုင်ငံ သာသနာရေးဝန်ကြီးဌာန၊ သာသနာသက္ကရာဇ်- ၂၅၄၀၊ စာ - ၅၂။

“ကိလေသာ မဝင်အောင် စောင့်စည်းဘို့ရာ အားထုတ်ခြင်း” 

ရုပ်(ခန္ဓာကိုယ်) နှင့် နာမ်(စိတ်)မှာ ထင်ထင်ရှားရှား ဖြစ်ပေါ်သမျှရုပ်၊ ဖြစ်ပေါ်သမျှ နာမ်ကို သတိနဲ့ စူးစူးစိုက်စိုက် စောင့်ကြည့် ရှုသိနေဘို့ပါပဲ။ အဲဒါကို ဣနြေ္ဒိယသံဝရသီလလို့ ခေါ်တယ်။

ဣနြေ္ဒိယ= မျက်စိ နား နှာ လျှာ ကိုယ် စိတ်ဆိုတဲ့ ဣနြေ္ဒိ ခြောက်ပါး တံခါ ခြောက်ပေါက် ကို၊ သံဝရ= ကိလေသာ မဝင်အောင်ပိတ်ဆို့ထားတာ။ ဘာနဲ့ ပိတ်ဆို့သလဲ၊ ရှုမှတ်မှု သတိနဲ့ ပိတ်ဆို့တယ်။ မြင်ရင် မြင်တာကို သတိကပ် ရှုမှတ်၊ ကြားရင် ကြားတာကို သတိကပ် ရှုမှတ်၊ နံရင် နံတာကို သတိကပ် ရှုမှတ်၊ စားရင် စားတာကို သတိကပ် ရှုမှတ်၊ ချိုချဉ် ဖန်ခါး စတဲ့ အရသာ တမျိုး မျိုးပေါ်ရင် ချိုတယ်၊ ချဉ်တယ် စသည်ဖြင့် သတိကပ် ရှုမှတ်၊ စဉ်းစား ကြံစည်တွေးတောရင် စဉ်းစား တယ်၊ ကြံစည်တယ်၊ တွေးတောတယ် စသည်ဖြင့် သတိကပ် ရှုမှတ်၊ အဲဒီလို ရှုမှတ်မိတဲ့ အာရုံနဲ့ ပတ်သက်လို့ ကိလေသာ မဝင်တော့ဘူး။

အဲဒီလို ကိလေသာနီဝရဏ မဝင်တဲ့အတွက် ရှုစိတ်အစဉ်ဟာ သန့်ရှင်းစင်ကြယ်ပြီး တည်ငြိမ်နေတော့ စိတ္တဝိသုဒ္ဓိ ဖြစ်နေပါတယ်။ ဒီတော့ စင်ကြယ်တဲ့စိတ်ထဲမှာပါဝင်တဲ့ အသိဉာဏ် ဟာ ထက်မြက်လာတယ်။ အဲဒီ ထူးခြားထက်မြက်တဲ့ အသိတွေက ရုပ်သဘာဝ နာမ်သဘာဝ၊ ဖြစ်မှုပျက်မှုကြောင့် မမြဲဘူး(အနိစ္စ)၊ ဆင်းရဲတယ်(ဒုက္ခ)၊ ပုဂ္ဂိလ်သတ္တဝါ ငါမဟုတ် အစိုးမရ(အနတ္တ) ဆိုတဲ့ လက္ခဏာရေးသုံးပါးကို အရှိသဘာဝအတိုင်း ထိုးထွင်းသိမြင်လာတယ်။ အဲဒါ ဝိပဿနာ ဉာဏ်ပဲ။ အဲဒီ ဝိပဿနာဉာဏ်က ကိလေသာကို တစိတ်တဒေသ ပယ်သတ်လိုက်တယ်။ အဲဒါဟာ ကိလေသာကို ပယ်သတ်ဖို့ရာ အားထုတ်တာပေါ့။

 အဲဒီအသိတွေ တဆင့်ထက်တဆင့် ရင့်သွား မြင့်သွားလို့ နောက်ဆုံး ဝိပဿနာဉာဏ် ကုန်ဆုံးတဲ့ အခါကျတော့ အရိယာသစ္စာလေးပါးကို ထိုးထွင်းသိတယ်။ အဲဒီအခါမှာ အရိယ မဂ်ဉာဏ်လေးခုက မိမိတို့အဆင့်လိုက် ကိလေသာတွေကို အမြစ်ပြတ် ပယ်သတ်ကြတယ်။ ကိလေသာတွေ အမြစ်ပြတ်သွားတော့ နောက်ထပ်တဖန် ဘဝပြန်ပြီးမဖြစ်နိုင်တော့ဘူးပေါ့။

ဘဝချုပ်ငြိမ်းခြင်း၊ ဒုက္ခချုပ်ငြိမ်းခြင်းသည် နိဗ္ဗာန်ပင်တည်း။

ချမ်းမြေ့ဆရာတော်၊ နံနက်ချိန်ခါသြဝါဒဒေသနာ၊ စာ ၁၅ - ၁၇။

“ပွင့်သောပန်းတိုင်းလန်းပါစေ” 

ယဉ်ကျေးလိမ္မာ၊ ရင်သွေးကမ္ဘာ၊ ဝေဆာလှပ ဖူးပွင့်ကြ။
နံနက်နိုးလာ၊ ရှေးဦးစွာ၊ မေတ္တာပို့သ ပွားများကြ။
သတ္တဝါအပေါင်း၊ ချမ်းသာကြောင်း၊ စိတ်ကောင်းထားမှ ငြိမ်းချမ်းကြ။
ကမ္ဘာငြိမ်ချမ်း၊ ခေတ်သစ်ဆန်း၊ ရည်မှန်းသမျှ ပြည့်စုံရ။
အနန္တ ငါးဖြာ၊ မြတ်နိုးပါ၊ ကြည်သာရွှင်ပြ ပူဇော်ကြ။
ရတနာသုံးပါး၊ ဦးထိပ်ထား၊ စွမ်းအားထက်လှ မြင့်မြတ်ရ။
(ဒေါက်တာမင်းတင်မွန်)

 ဒေါက်တာမင်းတင်မွန်
မိဘဆရာ၊ ရိုသေပါ၊ ချမ်းသာသုခ ပြည့်ဖြိုးကြ။
သီလငါးအင်၊ စောင့်ထိန်းလျှင်၊ လူတွင်ထူးလှ မြင့်မြတ်လှ။
 သီလတန်ခိုး၊ သစ္စာမျိုး၊ ရွာဖြိုးသွန်းချ လိုတိုင်းရ။
သူတော်ကောင်းဓာတ်၊ တရားမြတ်၊ လွှမ်းပတ်လောက တည်စေပ။
 နိုင်ငံခေါင်းဆောင်၊ ပျိုးသစ်ထောင်၊ ရှေ့ဆောင်လမ်းပြ ကြိုးပမ်းကြ။

သား သမီးများ သတိထား

 ရှုမငြီးသည့်၊ သားသားမီးမီ
တွတ်တီ တွတ်တာ၊ ပြောချင်ရာပြော သဘောကျခဲ့၊
အိုချည့် ဖမိ … သတိအားနည်း၊ ပြောပြီးထပ်ခါ
 နေရာတကာ၊ ဝင်ပါသည်ဟု
 ငြူစူသမှု၊ ပြုလားပြုသည့်
 သား သမီးများ၊ သတိထား …
သင်လည်း တစ်နေ့ အိုဦးမည်…။

“ဝင့်ကြွားကြလေ ကမ္ဘာကသိပါစေ” 

လူ့ အခြေခံကျင့်ဝတ်တရားတို့၊ ပျက်ပြားနေကြကမ္ဘာမြေ။
ဟိုတိုင်းဒီပြည် ရန်စစ်ခင်းလို့၊ လူနဲ့လူချင်း သတ်ခါနေ။
 ငြိမ်းချမ်းပါစေ အာသီသနဲ့၊ စွမ်းနိုင်ရာက ကူညီသလေ။
 ကျင့်ဝတ်တရား သီလငါး၊ မှတ်သား ကျင့်သုံးစေ။
အဖိုးတန်တဲ့ ဗုဒ္ဓဝါဒ၊ ကမ္ဘာကသိပါစေ။
 (ဒဂုန်ဦးထွန်းမြင့်၏ ငါးပါးသီလကဗျာ)

ဧည့်သည် 

လာတုန်းကလည်း ငါသည်ပင်မူ
တစ်ယောက်တည်းနော် ခေါ်သူမရှိ ရောက်လာမိစဉ်
လက်တွဲခေါ်ကာ ဖေါ်မပါဘူး နှင်သူမရှိ ပြန်ဖို့ရှိ၏
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း။ ငါနေသည့်အိမ် ငါ၏အိမ်ဟု
 ပြန်သွားတော့လည်း ငါ့အိမ်မှာထား ငါ့မယားနှင့်
တစ်ယောက်တည်းနော် ငါ့လင်သားနှင့် ငါ့သားသမီး
လက်တွဲခေါ်ကာ ဖေါ်မပါဘူး ငါ့ပစ္စည်းဟု ယူသည့်စိတ်စွဲ
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း။ အမှတ်လွဲခဲ့။
လာပြီးတော့နား အမှန်မှာမူ
မသွားသေးခင် ငါလာသောခါ လက်ဗလာတည်း
ချိန်လေးတွင်မှ ပြန်ရပါလျှင် လက်ချည်းပင်တည်း
ဝန်ကျင်ယှက်နွယ် ငါ့တွင် ကိုယ်ပိုင်မရှိပါတကား။
 နှောင်ကြိုးသွယ်ခဲ့။ လာသူလာလည်း လာစမ်းပါစေ
 ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ မဆီးလေနှင့်
 မလိုဒေါသ လိုလောဘနှင့် သွားသူသွားလည်း သွားစမ်းပါစေ
ဘဝရိပ်မြုံ ကကြိုးစုံခဲ့ မတားလေနှင့်
ကံကုန်မိုးချုပ် လက်တွဲဖြုတ်ခါ တို့တတွေမှာ သဘာဝလျှင်
သုတ်သုတ်ဆောလျှင် အမိရင်ဝယ်
ခရီးနှင်သည် ထွက်ဝင်ခိုနား ခရီးသွားသည့်
ဒို့လျင် ဧည့်သည်ပါတကား။ ။ ဧည့်သည်တွေပါတကား။ ။

(မင်းကွန်းဆရာတော်ဘုရားကြီး)

သစ္စာလေးပါးမြတ်တရား 

၁။ ဒုက္ခသစ္စာ = ဆင်းရဲခြင်း အမှန်တရား။ ရုပ်နာမ် ၂-ပါးသည် ခဏမစဲ ဖြစ်ပျက်နေသည့်အတွက် ဆင်းရဲအမှန်ဖြစ်၏။
၂။ သမုဒယသစ္စာ = ဆင်းရဲဖြစ်ကြောင်း အမှန်တရား။ တဏှာလောဘသည် ဆင်းရဲခြင်း၏ အကြောင်းရင်းအမှန်ဖြစ်၏။
၃။ နိရောဓသစ္စာ = ဆင်းရဲချုပ်ငြိမ်းရာ အမှန်တရား။ တဏှာလောဘချုပ်ငြိမ်းခြင်းသည် ဆင်းရဲချုပ်ငြိမ်းရာ အမှန်တရား။ နိဗ္ဗာန်သည် ဆင်းရဲချုပ်ငြိမ်းရာ အမှန်ဖြစ်၏။
၎။ မဂ္ဂသစ္စာ = နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့် လမ်းကောင်း အမှန်တရား။ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်သည် နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်လမ်းအမှန်ဖြစ်သည်။

ဤအမှန်တရား ၄-ပါးသည် အကြီးကျယ်ဆုံး အမြင့်မြတ်ဆုံး အမှန်တရားများဖြစ်ကြသည်။ မဂ္ဂင်ရှစ် ပါးကျင့်စဉ်အတိုင်းကျင့်ကြံအားထုတ်လျှင် ဤသစ္စာလေးပါးကို မြင်သိလာမည်ဖြစ်၏။ ဤအမှန်တရားတို့ကို သေသေချာချာထိုးထွင်းသိမြင်လျှင် အရိယာအဖြစ်သို့ရောက်၏။ နိဗ္ဗာန်ချမ်းသာကိုလက်ငင်းခံစားရပြီး အပါယ်တံခါးပိတ်၏။

ညွှန်း - ဒေါက်တာမင်းတင်မွန်၊ ယဉ်ကျေးလိမ္မာ ရင်သွေးကမ္ဘာ၊ စာ ၁၂၁ - ၁၂၂။

No comments:

Post a Comment